ကိုယ့်ဆီ မလာချင်တဲ့ သူကို
အတင်းမခေါ်တော့ဘူး...
ကိုယ့်ဆီမှ ရှောင်ပြေးချင်သူကို
ဖက်တွယ်ကာ မဆွဲထားရက်တော့ဘူး...
ကိုယ်ကို့ စိတ်မ၀င်စားတော့တဲ့ သူကို
ဆွဲဆောင်ကာ ချဉ်းကပ်မနေတော့ဘူး...
ကိုယ်မေးတာတွေကို မဖြေချင်တဲ့ သူကို
ဘယ်မေးခွန်းမျိုးမှ မထုတ်တော့ဘူး...
ကိုယ့်ကို ဘာမှမပေးချင်သူအတွက်
ဘယ်အရာမှ မတောင်းဆိုတော့ဘူး...
သူ့ဆီမှာ စိတ်မပါလို လုပ်မပေးနိုင်တာတွေအတွက်
ကိုယ်ကလိုချင်လို့ တောင်းဆိုနေတာတွေအတွက်
သူကော ကိုယ်ပါစိတ်ပင်ပန်းလွန်းလှတယ်...

ကိုယ့်အတွက် ၀န်ထုပ်ဝန်ပိုးလို့
သူခံစားနေရင် နီးနေတာထက်စာရင် ဝေးသွားကြတာ ပိုကောင်းမှာပါ...
လွမ်းစရာတွေ တွေးမိရင် နာကျင်စရာနဲ့ ဖြေနိုင်မှာပါ
ရင်ဘတ်က နာကျင်ခြင်းတွေအတွက် မျက်လုံးက မျက်ရည်တွေနဲ့ နှစ်သိမ့်နိုင်မှာပါ...
ဒဏ်ရာတွေအတွက် ကိုယ့်မှာ အချိန်ဆိုတဲ့ ဆေးရှိပြီးသားမို့
အနာတွေထပ်လည်း သိပ်နာတော့မှာ မဟုတ်ပါဘူး...
အချိန်တစ်ခု ကြာလာတဲ့ အခါ နာကျင်စရာတွေအတွက်
မဲ့ပြုံးလေးတော့ ကိုယ်ပြုံးနိုင်လိမ့်မယ် ထင်ပါတယ်...