ဒီနေ့ဟာ ပီတိဖြစ်စရာ နေ့လေးတစ်နေ့။ တပါးသူရဲ့ ဘ၀အတွက် ကောင်းစေချင်တဲ့ စေတနာလေးတစ်ခုက တွန်းအားပေးခဲ့သလို လူရော စိတ်ပါ ကူညီပေးခဲ့သူ၊ အခက်အခဲကြီးကြီးမားမားမရှိသည့်
သူမလေးဘ၀တစ်ခုလုံးအတွက် အာမခံချက်မပေးနိုင်သည့်တိုင် မိန်းကလေးတစ်ယောက်အတွက် မိမိကိုယ်မိမိ ယုံကြည်မှုအချို့ ရှိစေချင်သည့်အပြင် ကိုယ်ချင်းစာနှာမှုလေးတစ်ခုကြောင့်ဆိုလည်း မမှားပါ။
ကြိုတင်စီစဉ်ထားသည့်တိုင် ဒီအတောအတွင်းမှာ မထင်မှတ်တဲ့ လူတွေရဲ့ စရိုက်တွေ၊ သဘောသဘာဝတွေ နဲ့ အရာရာတိုင်းဟာ ကိုယ်ထင်သလို မျှော်လင့်သလို အတိအကျဖြစ်မလာတတ်တာတွေပါ ကျွန်မသင်ခန်းစာရခဲ့တယ်ပေါ့။
နောက်ဆုံးမှာတော့ ရလဒ်ကောင်းတွေနဲ့အတူ သူတပါးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးရခြင်းဟာ မိမိဆန္ဒပြည့်ဝခြင်းထက် နှစ်ဆပို ပျော်ရွှင်မှုနဲ့ ပီတိတွေ ရစေခဲ့ပါတယ်။
No comments:
Post a Comment