မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ရင် ပြောစရာ စကားတွေဟာ မကုန်နိုင်
မခမ်းနိုင်ခဲ့ဘူး တစ်ခါမှ မသိကျွမ်းဘူးတဲ့ သူကို စတင် နှုတ်ဆက်ဖို့ လွယ်ကူသလောက် သူနဲ့ကိုယ်ကြား ကြာကြာ စကားစပြတ်မသွားစေဖို့ တော်တော်ခက်ခဲ
တယ်ဆိုတာ ဒီနေ့ သိလိုက်ရတယ် အိမ်မှာဆို ပေါက်ပေါက်ဖောက်သလို
ပြောနိုင်တဲ့ ကိုယ် သူစိမ်းနဲ့ ကျတော့ တကယ့်လို့ ပြောစရာ မရှိတော့ပါလားနော် ကိုယ်ဟာ
ပေါင်းသင်းဆက်ဆံရေးမှာ အတော်လေး လေ့ကျင့် ရဦးမယ်ဆိုတာ အဲခါမှ သိလိုက်တယ်…
ယနေ့ သူငယ်ချင်းကောင်လေးတစ်ယောက်က သူ့ကောင်မလေးနဲ့ မိတ်ဆက်ပေးဖို့ခေါ်လာတယ် လမ်းကြုံလို့်
နှုတ်ဆက်ရင် သူကဘယ်သူပါ နေကောင်းလား
ဘာညာနဲ့ ပီးသွားနိုင်ပေမဲ့ သီးသန့် ခေါ်လာ မိတ်ဆက်ပေးမယ်ဆိုတော့ အဲလိုမကောင်းပြန်ဘူးလေ
ဒါနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း စကားစမြည်ပြောကြမယ်ပေါ့လေ မိန်းကလေးက ကိုယ့်အောက် တစ်နှစ်ငယ်ပီး ချောချောလေးပါဘဲ ဒါတော့ ကိုယ့် သူငယ်ချင်း အရွေးတော်သွားပြန်တယ်လို့
စိတ်ထဲက ချီးမွမ်းလိုက်သေးရဲ့ ကောင်လေးနဲ့တော့
အရင်ကတည်းကသိနေတော့ ပြောစရာတွေရှိနေတာပေါ့ ဒါပေမဲ့ သူနဲ့ချည်းပဲပြောနေလို့ မကောင်းပြန် သူ့ဝါသနာ ကိုယ်မသိ မှန်းရမ်းပြောလည်း တစ်ခါ နှစ်ခါ
မကောင်း သူစိတ်ဝင်စားမဲ့ အကြောင်းအရာ လည်း
မသိ ကိုယ်ပြောချင်တာချည်းလည်း ပြောနေလို့ မဖြစ်ပြန် ဒီကြားထဲ လူကဲခတ်ကလည်း ညံ့နေသေးတယ် တော်သေးတာပေါ့ သူငယ်ချင်းက အားလုံးပါဝင်ဆွေးနွေးလို့ ရမဲ့စကားမျိုးရှာ ပြောခဲ့ပေလို့ ...
အော် လူတွေကြားထဲ ကျင်လည်လာတာ သက်တန်းတစ်ဝက်လောက်ရှိတော့မယ်
ကျောင်းစာတွေ ဘယ်လောက်တတ်လို့ ဘွဲ့တွေ အစီစီ ရခဲ့ပါစေ လောကီပညာတွေ သင်ယူဖို့ အများကြီး
ရှိပါသေးလားလို့ …
No comments:
Post a Comment