ဘ၀၏ အစိတ်အပိုင်းအချို့အား စုစည်းထားခြင်းမျှသာ

Saturday, January 10, 2015

သုံးတစ် (၃-၁)

ပြောင်းလဲ သွားတဲ့ ကျောင်းကြီးရဲ့ ပုံကို အမှတ်မထင် တွေ့မိတော့ တစ်ချိန်က ပညာသင်ခဲ့တဲ့ ကျောင်းတော်ဟောင်းကြီးရယ် သူငယ်ချင်းများနဲ့ အမှတ်တရတွေဟာ မဖိတ်ခေါ်ပဲ စိတ်ကူးနယ်ထဲ ၀င်လာတော့တယ် ကျွန်မတို့ GTI တက်ခဲ့တာ ဧရာဝတီမြစ်ပေါ် နဖူးတင်ထားတဲ့ ခရိုင်မြို့လေးတစ်မြို့ပါ စတက်တုန်းက ကျောင်းက မြို့တွင်းမှာပဲရှိသေးတယ် ဒုတိယ နှစ်ရောက်တော့ မြို့ပြင်သွားတက်ရတယ် အဲဒီမြို့တွင်းကျောင်းမှာ စတက်တကည်းကကျွန်မက Civil ကျောင်းသူ ၊အဆောင်တူ သူငယ်ချင်း နှစ်တူ မေဂျာကွဲ သူက EC မေဂျာမတူပေမဲ့ သူနဲ့ကျွန်မမှာ အခြားတူညီတာလေးတွေရှိတော့ ပေါင်းသင်းဖြစ်သွားတယ် ၊ နောက်တစ်ရောက်က တစ်ခန်းတည်း သင်ရတဲ့ မေဂျာတူ သူငယ်ချင်းမ သုံးယောက်တွဲဖြစ်ကြတယ်ပေါ့……
တက္ကသိုလ်နယ်မြေကို ခြေချမိတော့ ပထမ နှစ်မှာ သူငယ်ချင်းသစ်တွေနဲ့ အားလုံးဟာ အသစ်ဆန်းတွေဖြစ်လို့  ကလေးဘ၀ကစလို့ ဆယ်တန်းနှစ်ထိ စာအုပ်မျက်နှာ မကွာရအောင် ဖိအားပေးမှုအောက်မှာ နေလာခဲ့သမျှ ဒီနေရာဟာ သိပ်ကို လွတ်လပ်လွန်းနေခဲ့တော့တယ် ကျွန်မတို့ သုံးယောက်ဟာ အပေါင်းသင်းဆိုလည်း မေဂျာမတူ အသက်မတူတဲ့ စီနီယာတွေနဲ့ ပေါင်းဖြစ်တယ် သတိထားမိတဲ့ သူတစ်ချို့ပေးထားတဲ့ အမည် ကျွန်မတို့ သုံးယောက်ကို  သုံး-တစ် (၃-၁) တဲ့   သိပ်ပေ သိပ်တေတဲ့ ကလေးလေးတွေ  စာမသင်ချင်ဘူးဆို  ဆရာစာသင်နေတဲ့အခန်းရှေ့မှာတင်  စာမသင်ပဲ  သွားထိုင်နေတတ်သေးတယ်  စာမေးပွဲနီးမှ ဆရာ ဆရာတွေက စာကျက်တော့လေ စာမေးပွဲနီးပီလို့ ပြောယူရတယ် …  မှတ်မိသေးတယ်  EC သူငယ်ချင်းမဟာ လေ  အတန်းမတက်ချင်လို့ စာသင်ခန်းမသွားပဲ Drawing ခန်းထဲသွားအိပ်နေခဲ့တာ ကျွန်မတို့ နှစ်ယောက် စာသင်ချိန် ပီးလို့ သူ့ဆီသွားတော့ သူအတန်းမတက်တာသိရတယ် ဒါနဲ့ ကျောင်းထဲမှာလဲ မရှိတော့ အိမ်ပြန်သွားပီထင်လိုက်တာပေါ့  အဆောင်ပြန်ရောက်တော့မှ သူမရှိဘူး ဘယ်ဟုတ်မလဲ သူက ည ခုနှစ်နာရီလောက်မှ ပြန်လာတယ် သူ ပုံဆွဲတဲ့ အခန်းထဲမှာ အိပ်ပျော်နေတာတဲ့ ဟဟ အဲလိုဆိုးခဲ့တာ…
မေဂျာတူ သူငယ်ချင်းမလေးကတော့  သိပ်စိတ်ကောက်တတ်တာ  ငယ်ငယ်က အလိုလိုက်ခံခဲ့ သူပီပီ တစ်ခုခု အလိုမကျရင် ကောက်ပီပဲ ကျွန်မတို့ နှစ်ယောက်က သူမကြိုက်တာလုပ်ပီး သူမ စိတ်ကောက်ပီဆို ချော့ရတာ အမော….ဒါပေမဲ့ သူမဟာ စိတ်ထားကောင်းသူလေးပါ သူငယ်ချင်းတွေအပေါ်လည်း အနစ်နာခံတယ်  အဲဒါကြောင့်လဲ ကျောင်းမှာ သူ့ဆီက ပိုက်ဆံချေးမဲ့သူ ပေါပီး ပြန်မဆပ်ကြဘူးလေ ဒါလည်း သူ့အားနည်းချက်လို့ ဆိုရမလားပဲ သူနဲ့ ပါတ်သက်လို့ ကျွန်မမှာ အမှတ်တရတွေသိပ်များတယ်  ဒုတိယနှစ်ရောက်တော့ သူ့အိမ်ကိုကျွန်မ ပြောင်းနေဖြစ်တယ် ငုဝါပန်းတွေ ဝေဆာအောင်ပွင့်တဲ့ ငုပင်တွေနဲ့ လမ်းတလျှောက်မှာ ကျောင်းဖယ်ရီ စီးဖို့ တူတူ လမ်းလျှောက်သွားကြတယ်  မိုးရာသီဆို ရင် မိုးရွာထဲ စက်ဘီးစီးကြတယ်  မြစ်ရေတွေ တက်လာရင်  ဧရာဝတီမြစ်ကမ်းဘေး လှေစီးကြတယ်  အများကြီးပါပဲ  ….ကျောင်းသားဘ၀ဟာ နောက်တစ်ခါ ပြန်မရနိုင်တဲ့ ပျော်စရာ အချိန်ကာလလေး တစ်ခုဖြစ်ခဲ့တယ်ပေါ့…
ဂုဏ်ယူမိတာ တစ်ခုက ဘယ်လောက်ပဲ ဆိုးပေခဲ့ကြပေမဲ့ ကျွန်မတို့ သုံးယောက်လုံးဟာ ငါးနှစ်ဆိုတဲ့ ကာလထိ ပညာရေနို့သောက်ခဲ့ပီး  ဘွဲ့ကိုယ်စီရခဲ့တာကိုပဲ...  ကျွန်မ ကျေနပ်မိပါတယ်  ကျောင်းတော်မှာ ပျော်ခဲ့တယ်  ဘ၀အတွက် အဖိုးတန်တာတွေ အများကြီး ရခဲ့တယ် ခုဆို ကျွန်မက နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေတယ်  မေဂျာတူသူငယ်ချင်းမက  မိဘနဲ့ အတူနေပီး  တာဝန်ထမ်းဆောင်နေတယ်   EC က ကျောင်းပီးတော့ စောစွာပဲ သူ့ရဲ့ ကိုယ်ပိုင် မိသားစုဘ၀လေးထဲ တိုးဝင်သွားတယ်   ခုတော့ သူ့ သားလေးတောင်  မူကြိုရောက်နေပီ တွေ့ရင် ပြောတတ်ပါသေးတယ်  သူ့ကို ကျွန်မတို့နှစ်ယောက်က ယောက်က္ခမ ခေါ်ရတော့မတဲ့…  သူပြောလည်း  ခံရမှာပဲ ကျွန်မတို့ နှစ်ယောက်က  သူ့လောက်  သတ္တိမရှိဘူး ဆိုချင်ဆို   ဒီလို  တစ်ကိုယ်ရေ နေရတဲ့ လွတ်လပ်မှုကို  မက်မောစွာ ဖက်တွယ်ထားဆဲ …… တစ်နေရာဆီ ဝေးကွာနေကြလည်း  တိုက်ဆိုင်မှုရှိတိုင်း သတိရနေမှာပါ   သူငယ်ချင်းမတို့ရေ… ဒီသီချင်လေး အတိုင်းပေါ့   “ ဟိုးတုန်းက ကျောင်းလမ်းထိပ်က ငုဝါပန်းတွေပွင့်လာရင် … ”

No comments:

Post a Comment