ကျွန်မ အိမ်ပြန်ရင် အပျော်ဆုံးလူဟာ အဖေပါပဲ အိမ်ကနေ ခွဲရပြန်တော့မယ်ဆို ၀မ်းနည်းဆုံးဟာလဲ သူပဲဖြစ်မှာပါ အဖေဟာ ကျွန်မကို ခွဲခါစကဆို သတိရလွန်းလို့ ညညဆို အိမ်မပျော်ဘူး သမီးအကြောင်းပဲတွေးနေတယ် မိဘနဲ့ ဝေးရာမှာ နေကောင်းရဲ့လား၊ အစားအသောက်အဆင်ပြေလား ကျောင်းတက်ရတာ စာလိုက်နိုင်လား၊ အလုပ်ထဲရောက်တော့လည်း အလုပ်အဆင်ပြေလား ပင်းပင်သလားနဲ့ ဖုန်းဆက်တိုင်းမေးရှာတယ် ကျွန်မ ပြန်ရင် အဖေ မျက်ရည်ကျမှာစိုးလို့ ကားဂိတ်ကိုတောင်လိုက်မပို့ခဲ့ဘူး ကျွန်မ နားလည်ခဲ့ပါတယ် ဘယ်လောက်ပဲ ဘယ်နှစ်ကြိမ်ပဲ ပြန်လာလိုက် ခွဲသွားလိုက် နေပါစေ ဒါဟာ မရင့်ကျက်သေးတဲ့ ပျော်ရွှင်မှု ၀မ်းနည်းမှုတွေပါပဲ…….
ဒီတစ်ခေါက်ရွာပြန်ရမှာ ခါတိုင်းထက်ပို ပျော်မိနေသလိုပဲ ရွာက မိဘ ဆွေမျိုး ၊ သူငယ်ချင်းတွေ ဆုံတွေ့ရမဲ့ အပြင် ရွာအတွက်တစ်ခုခုလုပ်ပေးနိုင်ခဲ့တာကိုလည်း ၀မ်းသာပိတိဖြစ်နေတာအမှန်ပင် ပီးခဲ့တဲ့ ခြောက်လလောက်က ပြန်တော့ ရွာမှာ တရားပွဲ ကျင်းပပေးရင် ကောင်းမလားလို့ ရွာဦးကျောင်းဆရာတော်နဲ့ တိုင်ပင်ပီး နီးစပ်ရာ သူငယ်ချင်းတွေကို အကူညီတောင်းတော့ ကြိုးစားလိုက်တာ တကယ်အကောင်ထည်ဖော်ခွင့်ရတော့မှာမို့ပါ ဒါ့အပြင် ရွာမှာ အစိုးကရ မူလတန်းကျောင်းအသစ်ဆောက်လုပ်ခွင်ချပေးတော့ လိုအပ်နေသေးတဲ့ စာရေးစာပွဲ နဲ့ ထိုင်ခုံအချို့ ပညာဒါန ပြုခွင့်ရခဲ့တယ် ဆရာ၊ဆရာမများနဲ့ ကျောင်းသားလေးတွေကိုလည်း အာဟာရမုန့်ကျွေးပီး စာရေးကိရိယာအချို့ ပေးဝေခဲ့သေးတယ် ရွာဦးဘုန်းကြီးကျောင်းမှာအ၀င်လမ်းအတွက် လျှောက်လမ်း ပေ ၂၀ ခန့်အတွက် လှူဒါန်းခွင့်ရခဲ့ပါတယ် ရွာလေးဟာ တိုးတက်လာတဲ့ အခြေနေဆိုပေမဲ့ ဒီထက်ပို တိုး ဖြစ်စေချင်တာ ရင်ထဲက ဆန္ဒပါပဲလေ…… ကလေးတွေရဲ့ ပညာရေး ၊ စိတ်ဓါတ်ပိုင်း၊ ဗဟုသုတ ရစေချင်တာ ၊ စိတ်ပိုင်းကော ရုပ်ပိုင်းဆိုင်ရာကော တိုးတက်လာစေချင်တာ အားလုံးဟာ ကိုယ်တစ်ယောက်တည်း လုပ်ယူလို့ မရပေမဲ့ ရွာသူရွာသားအားလုံးနဲ့ ကျွန်မတို့ ပူးပေါင်းရင် ဖြစ်ရမယ် လို့ ယုံကြည်မိတယ်…… ဒီတစ်ခါပြန်ရင် ရွာရဲ့လိုအပ်ချက်တွေထဲက ဘယ်လိုနေရာကနေ ထောက်ပံ့ပေးနိုင်ပါ့မလဲဆိုတာ ရှာဖွေရင်း ကျွန်မရဲ့ မွေးရပ်မြေ ဆီသို့ စိတ်ကူးများ ဖြန့်ကျက်လိုက်မိစဉ်ဝယ်......
No comments:
Post a Comment