ရိုးရိုးသတ်လည်း သေပါတယ်
တစ်ချက်မှမထိပဲ တစ်သက်စာနာအောင်
ချက်ကောင်းကိုမှ နင် ရွေးခဲ့တယ်...
အချစ်ဆိုတာ
တစ်သက်စာ တစ်ဘဝလုံးအတွက် မဟုတ်ရင်
လုံးဝမသုံးသင့်ခဲ့ပါဘူး...
ယုံကြည်မှု လွန်ကဲလွန်းတော့
တစ်သက်စာ ညာသမျှ
ငါ သံသယကင်းခဲ့တယ်...
အရာရာကို တွေဝေလွန်းတဲ့ နင်
ခုတော့များ လက်တွေ့ဆန်လိုက်တာ
ငါလိုက်မမှီတော့ဘူး...
အသုဘတစ်ခု
ငါ့ရင်ဘတ်ထဲမှာ နင်ဆိုတာသေဆုံးသွားတာ
ငိုသံတွေ မဆဲသေးဘူး...
သတိမယ်ကြံတိုင်း
ငါ့မှာ နာမည်တပ် လွမ်းခွင့်မရှိတော့...
...Yae...
26-05-2018
No comments:
Post a Comment