ဘ၀၏ အစိတ်အပိုင်းအချို့အား စုစည်းထားခြင်းမျှသာ

Friday, December 23, 2016

Explore to Vietnam



Vယက်နန် သွားဖို့  ကျွန်မတို့ သူငယ်ချင်းတစ်စု ညှိနှိုင်းကြတော့  စုစုပေါင်း ခြောက်ယောက် (မိန်းကလေး လေးယောက် နဲ့ သူငယ်ချင်းစုံတွဲ) ... လက်မှတ်ဝယ်ချိန်ရောက်လာတော့ သုံးယောက်သာ ၀ယ်ဖြစ်တယ်... အမှန်တကယ်ခရီးသွားကြတော့ ကျွန်မနဲ့ သူငယ်ချင်းနဲ့ နှစ်ယောက်တည်းသာ... အစတော့ လူလျော့သွားလို့ အပျော်တွေပါလျော့ပြီပဲတွက်ထားတာပေါ့... မရောက်ဖူး သေးတဲ့ နေရာမို့ တကယ်သွားရတော့လည်း ပျော်ခဲ့ရတာပါပဲ...

ပထမဆုံး ခြေချမိတာ ဆိုင်ဂုန် ခေါ် ဟိုချီမင်... စင်ကာပူမှ လွဲလို့ SEA နိုင်ငံတွေသွားရင် ဈေးဆစ်တတ်ဖို့ လိုမယ်ထင်တယ်... လေယဉ်ကွင်းမှ စထွက်ကတည်းက Taxi ခကို နှစ်ဆလောက်တင်တောင်းကြတာ ကျွန်မနဲ့ ကျွန်မသူငယ်ချင်းက immigration ကထွက်တော့ငွေလဲကြတယ်၊ အဲဆိုင်က ၀န်ထမ်းတွေကိုပဲ လေယဉ်ကွင်းနဲ့ မြို့ထဲ သွားရင် ဘယ်လောက်ကုန်ကျနိုင်လဲ မေးလာတော့ ဈေးဆစ်လို့ အဆင်ပြေခဲ့တယ်ပေါ့... ဟော်တယ်က District 1 မှာ တည်းဖြစ်တယ်... အဲနေရာက လည်စရာနေရာတွေ လမ်းလျှောက်သွားရုံနဲ့ ရောက်တဲ့ အပြင် ဈေးဝယ်လို့လည်း ကောင်းတယ်... မြို့ထဲလောက်ကို tour မလိုပဲကို တနေကုန် ဆိုင်ကယ်ငှါးပဲဖြစ်ဖြစ် လမ်းပဲလျှောက်လျှောက် လည်ပတ်နိုင်သေးတယ်... ဟိုချီမင်ဟာ ဆိုင်ကယ်မြို့တော်လို့ ဆိုရလောက်အောင် လမ်းတိုင်းမှာ ပုရွက်ဆိတ်အုံလို စုပြုံများပြားတဲ့ မော်တော်ဆိုင်ကယ်တွေကိုတော့ ရှောင်တတ်ဖို့ လိုပါလိမ့်မယ်... မြို့တွင်းကနေရာတွေက သမိုင်းဝင်ပြတိုက်နဲ့ရှေးဟောင်းအဆောက်အဦးတွေကိုလေ့လာနိုင်ပြီး ညနေပိုင်းမှာ water puppet show ကြည့်၊ အပြန်လမ်းတလျှောက် မုန့်စားရင်း Ben Thanh Market ညဈေးပတ်လို့လည်းရတယ်... အခြားနေရာတွေလည်ပတ်ဖို့ tour လိုအပ်ရင်လည်း ဟော်တယ်မှာဖြစ်ဖြစ် အပြင် tour မှာဖြစ်ဖြစ် ၀ယ်လို့ရလို့ အားလုံး အဆင်ပြေတယ်...ဈေးလည်း သိပ်မများလှဘူး....

Ben Thanh Market မှာအစားတွေအပြင် လက်ဆောင်ပစ္စည်းတွေ ၀ယ်လို့ရတယ် မနက်နဲ့ ညဈေးပါဖွင့်လို့ ဘယ်ချိန် သွားဝယ်ဝယ် အဆင်ပြေတယ်

 
တရုတ်နိုင်ငံက အစပြုလို့  မြန်မာ ၊ ထိုင်း ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နန် နိုင်ငံတွေကို ဖြတ်စီးဆင်းလာတဲ့ Mekong River (မဲခေါင်မြစ်ဝှမ်း) နဲ့  မနက်စောစောမှ  ၁၂ နာရီလောက်ထိဈေးခင်းကျင်းရောင်းတဲ့ Cai Be Floating Market ကိုလည်း လည်ပတ်လို့ရတယ်






Water Puppet Show
ဗီယက်နန်နိုင်ငံရဲ့ အခြေခံ လူနေမှု ဘ၀ကို opera ဆန်ဆန် dance လုပ်ပြထားတာပါ စိတ်ဝင်စားဖို့ကောင်းပြီး  ရုပ်သေးလေးတွေကို ကြိုးကိုင်တဲ့ နောက်ခံလူတွေဟာ အရုပ်လေးတွေလိုပဲ တစ်ကိုယ်လုံး ရေစိုခံကြရတယ်... ပြသချိန်က ညနေပိုင်းဆိုတော့ လျှောက်လည်ပြီး အပြန်မှာ အနားယူရင်း ၀င်ကြည့်လို့ အဆင်ပြေတယ်



လမ်းလျှောက်၊ ဆိုင်ကယ်နဲ့ လည်ရင်လိုအပ်တဲ့ ဟိုချီမင်မြို့တော် Map


ဟိုချီမင်မှာ နှစ်ရက်လည်ပြီး မြောက်ပိုင်း ဟနွိုင်းကို ခရီးဆက်ခဲ့ကြတော့...ဟနွိုင်းရဲ့ ဆောင်းရာသီဟာ အောက်တိုဘာလလယ်ပိုင်း ကစလို့ ဖေဖော်ဝါရီလလောက်ထိဆိုတော့ နိုဝင်ဘာဟာ အေးစိမ့်စိမ့် အချိန်လေးပေါ့... တည်းခိုဖို့ အတွက်Tourist Place လို့ လူသိများတဲ့ Old Quarter မှာ အစားအသောက်တွေပေါပြီး ညဈေးနဲ့နီးလို့ နေလို့ အကောင်းဆုံးပါ...ဟနွိုင်းမှာ ၇၀ ရာခိုင်နှုန်းလောက်က ဘာသာမဲ့တွေဖြစ်ပြီး မိဘ အဖိုးအဖွားတွေကို ကိုးကွယ်ကြတယ်လို့ ဆိုတယ်... ဒါကြောင့် တစ်ချို့ အိမ်ခြံအများစုနဲ့ လယ်ယာမြေကွက်တွေထဲမှာ ကွယ်လွန်သူတွေရဲ့ ဂူတွေကို သေသေသပ်သပ် ပြုလုပ်ထားကြတာ တွေ့ရတယ်... ဟနွိုင်းရောက်ရင် မဖြစ်မနေသွားလည်သင့်တဲ့နေရာကတော့ ဟွာလောင်ဘေးပါ... ကျောင်ဆောင်တွေကြားမှာ မျောနေတဲ့ ဇိမ်ခံသဘောင်္ကြီးပေါ်မှာ ရှုခင်းတွေ ကြည့်နိုင်တဲ့အပြင် ကိုယ်တိုင် Kayaking လုပ်လို့ရပြီး ကျောက်ဂူတွေကိုလည်းလေ့လာလို့ ရတယ်... Day Tour Package တွေဝယ်ရင် ဟော်တယ်မှာရော အပြင်မှာပါ ပေါပါတယ်... ဈေးလည်း အရမ်းမကြီးပါ...










Red River ရဲ့ Delta Area ဖြစ်ပြီး အေးချမ်းတဲ့ Hoa Lu- Tam Coc လည်း လည်လို့ကောင်းတယ်



ဗီယက်နန်သွားရင် မဖြစ်မနေ မြည်းစမ်းကြည့်သင့်တဲ့ အစားအစာတွေဖြစ်တဲ့ Pho, Bun cha, Spring Roll, Banh Xeo, Bunh Khot, Benh Mi, Goi Cuon, Cha Gio, Bun Bo Nam Bo,...









လည်ပတ်နေတုန်း မမောမပန်း တက်ကြွနေခဲ့ကြပြီး ခရီးဆုံးမှ ပင်ပန်းရမှန်း သိရတော့တယ်...







No comments:

Post a Comment