ဘ၀၏ အစိတ်အပိုင်းအချို့အား စုစည်းထားခြင်းမျှသာ

Friday, November 18, 2016

လွန်ဆန်ခွင့်မရှိသော





"အကျီးရယ် အာရုံသွေးကြောပေါက်လို့တဲ့ သတိပြန်မလည်တော့ဘူး"

"အစ်မရေ အမေ ဗိုက်ထဲမှာ အကျိတ် တွေ့လို့တဲ့ ခွဲရမယ်" 

ခုရက်ပိုင်းကြားရတဲ့ သတင်းစကားတွေက ဘယ်သူ့ အဖေ ဆုံးလို့တဲ့.....  ဘယ်သူ့က ဘာရောဂါဖြစ်လို့တဲ့....အစုံစုံ... ဒါတွေကြားမိတော့ အိမ်က အဖေနဲ့ အမေဆီကို စိတ်က ရောက်သွားတယ်....
နာခြင်း သေခြင်း ရောဂါဆိုးတွေက အသက်အရွယ်မရွေး ၊ လူတန်းစားမရွေး ၀င်ရောက်ဖျက်ဆီးနေတဲ့ အချိန်ကာလကြီးပေပဲ.... ရောဂါကြီးကြီးမားမား မရှိသည့်တိုင် ဇယာကပြောတဲ့ နာခြင်းကိုရင်ဆိုင်နေရတဲ့ အဖေနဲ့ အမေကိုစိတ်ပူနေမိပြန်ကော.... အမေဟာ ငြိမ်သက်စွာနေရခြင်းနဲ့ ဓါတ်မတည့်၊ လှုပ်ရှားနေရမှ ကျန်းမာရေးကောင်းမယ်လို့ ထင်ရလောက်အောင် အလုပ်ပါးလို့ အိမ်မှာနားနေသည့်ရက်များတွင်တောင် အမေသည် အေးဆေးစွာ အနားမယူပေ ..... တစ်နှစ်က အမေရယ် ဒီနှစ် တရားစခန်းဝင်ပါ ထိုင်နိင်သလောက်ပေါ့ လို့ ပြောမိတာ .... တရားစခန်းမှ ထွက်လာတော့ ခြေထောက်တွေနာကျင်တာ ခုချိန်ထိ ဒဏ်အဖြစ်နဲ့ စွဲနေရာ ကြာကြာထိုင်လိုက်တိုင်း နာကြင်မှုကို ခံစားနေရဆဲ....  ထိုနောက်ပိုင်း တရားထိုင်ဖို့ မတိုက်တွန်းရဲတော့..... အဖေဟာ အသက်ငါးဆယ်ကျော်မှာ ခါးနာရောဂါ အစပြုခဲ့တာ.....သားသမီးတွေ ငယ်စဉ်က အလုပ်တွေ ဘယ်လောက်တောင် လုပ်ခဲ့သည်မသိ ခွဲစိတ်ကုသခဲ့သည့်တိုင် ရောဂါ ကင်းစင်အောင်မပျောက်သွား.... လွန်ခဲ့သည့် ငါးနှစ်ခန့်က အိမ်နီးနားချင်း သက်တူ အန်တီတစ်ယောက် ကင်ဆာရောဂါနှင့် ဆုံးပါးသွားကတည်းက အဖေဟာ တရားဘက်မှာ အားသာလာတာ သတိပြုမိသည်.... အရင်က တစ်ခါမှ တရားစခန်းမ၀င်ဘူးပေမဲ့ ခုဆို နှစ်စဉ် နှစ်တိုင်း တရားထိုင် ကုသိုလ်ရေးမှာလည်း စိတ်ပါဝင်စားလာလို့ အဝေးမှ သမီးဖြေဆည်နိုင်ပါသေးတယ်....  အနားမှာ မစောင့်ရှောက်နိုင်ပေမဲ့ မိဘနှစ်ပါး ကျန်းမာစွာ နေထိုင်နိုင်တဲ့အတွက် စိတ်ပူပန်မှု လျော့နည်းရပါသေးသည်.... သိုပေမဲ့ အသေမဦးခင် ကံဦးအောင် ဆိုသည့်အတိုင်း မအိုခင် မနာခင် မသေခင်မှာ ပြုသောကံတွေ ကောင်းစေဖို့ မိဘတို့အတွက် သားသမီးတွေ မှာ တာဝန်ရှိသေးသည်မလား..... 




No comments:

Post a Comment