ကျွန်မ သိပ်ကံကောင်းတယ်လို့ သူတို့ ဆိုကြတယ်၊
ကံဆိုးတဲ့ ရက်တွေ ကျော်လွန်ဖို့ ရခဲ့တဲ့ ဒုက္ခတွေ သူတို့မှ မခံစားဖူးပဲ။
ကျွန်မ ပျော်ရွှင်နေတယ်လို့ သူတို့မြင်ကြတယ်၊
တစ်ချိန်က အဆင်မပြေမှုတွေအတွက် ကြိတ်ငိုခဲ့ရတာ သူတို့မှမသိပဲ။
ကျွန်မ အ၀တ်အစားမထပ်အောင်ဝတ်တာ သူတို့ ငေးမောကြတယ်၊
ကျောင်းစိမ်းလုံခြည်နှစ်ထည်တည်း ၀တ်ခဲ့ရတဲ့ခဏကို သူတို့မှ မမြင်ပဲ။
ကျွန်မ ဒေါက်က သိပ်မြင့်လွန်းတယ်လို့ သူတို့ ဝေဖန်ကြတယ်၊
ဖိနပ်သဲကြိုးပြတ်ကို သံမှိုနဲ့ သီစီးခဲ့ရတဲ့ ကာလက သူတို့မှ မရှိပဲ။
ကျွန်မ အစားအသောက်ကောင်တွေစားတာ သူတို့ အားကျကြတယ်၊
ကြက်ဥတစ်ခြမ်းနဲ့ ထမင်းတစ်နပ် သူတို့မှ မစားဖူးပဲ။
ကျွန်မ လစာတွေများသလား သူတို့ တီးတိုးမေးကြတယ်၊
တစ်ရက်နှစ်ထောင် လောက်အောင်သုံးခဲ့ရတဲ့ နေရက်တွေက သူတို့ ဘယ်ရောက်နေလဲ။
ကျွန်မကို လူတွေ ချစ်ခင်ကြတယ်လို့ သူတို့ထင်ကြတယ်၊
ပိုက်ဆံမရှိရင် လူအလေးထားမခံရဘူးဆိုတာ သူတို့ ကိုယ်တိုင်မှမကြုံဖူးပဲ။