ဘ၀၏ အစိတ်အပိုင်းအချို့အား စုစည်းထားခြင်းမျှသာ

Wednesday, March 4, 2015

တွေးမိရေးရာ

             
          စာမရေးဖြစ်တာ ကြာသွားပီ  စာဆိုတာလည်း  အကြောင်းအရာ မယ်မယ်ရရမရှိ  feeling မပါပဲ ရေးမကောင်းလား  ခုရက်ထဲ အလုပ်ကလည်းရှုပ်တယ်   ကုမ္ပဏီက ရုံးခန်းပြောင်းတယ်  အလုပ်သမားတွေ ထုပ်ကြ သယ်ကြပေမဲ့ ကိုယ့်ရဲ့ စာရွက်စာတမ်း ဖိုင်တွေကို ရောမှာ စိတ်မချတာနဲ့ ကိုယ့်ဘာသာထုပ်ပိုး  နေရာ သစ်မှာ ပြန်လည် နေရာချ  ..... အရေးထဲ  တစ်ခြားဆိုဒ်က  ၀န်ထမ်း ခွင့်ယူထားလို့ ဟိုဘက် ပြေးလိုက်ရသေးတယ်   ... အဓိကတော့ သူငယ်ချင်းတစ်ယောက် အလည်လာပြီး အလုပ်ရှာတော့  ကူညီနေရာချပေး  အလုပ်ရှာနည်းပြ  လိုအပ်တာ စီစဉ်ပေး ..... 
 
           တကယ်တော့ နိုင်ငံရပ်ခြားဆိုတာ  ရန်ကုန်လိုမဟုတ်  အလုပ်လာလုပ်ချင်လို့ အလုပ်ရှာပေးထားပါ လို့ အာမခံလို့မရ   ကိုယ့်အားကိုယ်ကိုး  အင်တာဗျူးတွေသွား   လူတွေ့စစ်ဆေး  ကံကောင်းလို့ အလုပ်ရခဲ့တောင် ကိုယ့် performance ကို သူဌေးမကြိုက်ရင် အစမ်းခန့် ကာလအတွင်း  ထုတ်လို့ရတာ  အားနာမှုဆိုတာ မရှိ အလုပ်က အလုပ်ပဲ..
 
           သူငယ်ချင်းနဲ့ အတူလာတဲ့ ကောင်မလေးက  IT နဲ့ ကျောင်းပီးထားပေမဲ့    Drafter နဲ့ အလုပ်ရှာတယ်  သူငယ်ချင်းကတော့ အင်ဂျင်နီယာပေါ့လေ    သူတို့နှစ်ယောက် အတူတူလာကြတော့ အိုင်တီသမားက  ကွန်ပျူတာ ကျွမ်းကျင်တော့ အလုပ်ရှာတာ  ချောမောနေမှာပါပဲ သူငယ်ချင်းနဲ့ တူတူ လျှောက်ကြမယ်ပေါ့ တကယ်တော့ အဲလိုမဟုတ်ခဲ့ စလာတဲ့ နေ့ကတည်းက သူတို့ကို တည်းခိုရမဲ့ နေရာ လိုက်ပို့ပီး သူငယ်ချင်းအတွက် လိုအပ်တာတွေ ပြောဆို လုပ်ပေး  အလုပ်လည်းကြိုလျှောက်ထားပေးတယ် ဆိုကတည်းက သူမ စိတ်ထဲမှာ ဘယ်လိုထင်နေလဲ မသိပါ  သူ့မှာတော့ ကူညီမဲ့သူ မရှိ  သူငယ်ချင်းကိုတော့ ကိုယ်က လုပ်ပေးထားတယ်ပေါ့   နောက်နေ့က စပြီး သူမ အလုပ်လျှောက်တိုင်း  တိတ်တိတ်လေးပဲလျှောက်တယ်  မသိလို့ မေးချင်တာတောင် သူ့အနားရောက်သွားရင် ကွန်ပျူတာကို ချက်ချင်းပိတ်လိုက်တယ်...  
 
        ဒီနေရာမှာတော့ တခြားနိုင်ငံသားတွေနဲ့ မြန်မာတွေခြားနားချက်က တော်တော် သိသာသွားတယ် မြန်မာလူမျိုးတွေဟာ အပြင်က ပြုံးနေသလောက် အတွင်း စိတ်က  ဆန့်ကျင်ဘက်   ကိုယ့်ဆီက ပညာ၊ အတွေ့အကြုံ ကို ဝေမျှပေးရမှာ တွန့်တိုကြတယ် သူများ ကောင်းတာဖြစ်ရင် မနာလိုစိတ်လေးတွေ ရှိနေကြတယ် ကိုယ်ကိုတိုင်ကော ဒီထဲက လွတ်ကင်းလို့လားလို့ တွေးမိတယ်  ကိုယ့်အောက် နိမ့်ကျတဲ့ သူကို သနားနိုင်ပေမဲ့ ကိုယ့်ထက် မြင့်တဲ့ သူကိုပါ   မုဒိတာ ပွားဖို့ ခက်ခဲကြတယ်မဟုတ်လား ကိုယ်တိုင်လည်း အများကြီး ကြိုးစားရပါဦးမယ်....
 
 
 

No comments:

Post a Comment