ဘ၀၏ အစိတ်အပိုင်းအချို့အား စုစည်းထားခြင်းမျှသာ

Thursday, October 12, 2017

သူတို့ဆုံစည်းရာဝယ်


ရွာမပြန်တာကြာပြန်တော့ ဖေဖေ မေမေ အမျိုးတွေက သတိရနေကြပေါ့...
 
နှစ်စက အစီအစဉ်မရှိပါဘဲ တစ်ခေါက်ပြန်ဖြစ်သေးပေမဲ့ နှစ်ကုန်ရင် အပြီးပြန်လာတော့မယ်လို့ ပြောခဲ့မိထားတော့ အိမ်ပြန်ရောက်တယ်ဆိုဘဲ အမျိုးတွေက အိမ်ထောင်ထူဖို့ အပြီးပြန်လာသလား မေးကြလေပြီ... မိသားစုစုံညီ ကထိန် အလှူ ကျင်းပမယ်ဆိုတော့တူတူရေစက်ချဖို့ရာ ပြန်ဖြစ်လာရပြန်လေသည်...

တိုက်ဆိုင်ပြန်တော့ အိမ်ရှေ့အိမ်က ငယ်ပေါင်းလို့ ပြောလို့ရတဲ့ အစ်မတစ်ယောက်ကလည်းပြန်ရောက်တာနဲ့ကြုံ... ဘွဲ့ရပြီးကတည်းက အိမ်နဲ့အဝေးမှာ တာဝန်ကိုယ်စီနဲ့ ခုလို ပြန်ဆုံဖို့ဆိုတာ မလွယ်ကူလှ... ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ ညီမ၀မ်းကွဲကလည်း ခဏပြန်လာဆိုတော့ သုံးယောက်ပေါင်းစကားတွေပြောမကုန်... ကလေးဘ၀အကြောင်းတွေ ပြန်ပြောကြ ငယ်မူပြန်ကြနဲ့ပေါ့... သူ့ အိမ်လာလည်လိုက် ကိုယ့်အိမ်လာလည်လိုက် နဲ့ အလွမ်းသယ်နေကြပေါ့...

အဓိက ဆွေးနွေးတာက အစ်မအကြီးဆုံးကို အစွံထုတ်ဖို့ အရေး... အစ်မမှာ အရင်ကရည်းစားရှိဖူးသော်လည်း ခုတော့ တစ်ကိုယ်တည်း ဖြစ်နေ ၀န်ထမ်းဘ၀ တစ်နေရာမှ တစ်နေရာပြောင်းနေရတော့ အတည် ရဖို့ အရေး ညီမငယ်နှစ်ယောက်က အသည်းအသန် တိုက်တွန်းကြရတော့သည်... ညီမငယ်နှစ်ယောက်မှာက ရည်မှန်းထားသူတွေနဲ့  အစ်မဖြစ်သူမှာ တစ်ကိုယ်တည်းပေမဲ့ သားဖွားဆရာမ ဖြစ်နေလေတော့... အပျိုကြီး မဖြစ်ရေး အားနားစရာမလိုပဲ ဆွေးနွေးလို့ရလို့ တော်သေး၊ မောင်နှမသားချင်းနည်းတော့ ရှေ့ရေးအတွက် ဆေးပေးမီးယူ လိုအပ်သလို တစ်ယောက်တည်း အမြဲတမ်းနေဖို့ မသင့်တော်ကြောင်း ၊ မျိုးဆက်မပြတ်ဖို့ အကြောင်းနှင့် စကားဝိုင်းက စည်ကားနေတော့သည်...


 
အလယ် = အစ်မ ၊ ယာ = ညီမ
 
 
ဘ၀ဆိုတာ တွေ့ဆုံကြုံကွဲဆိုတော့လည်း အချိန်တန်တော့ အပြီးမခွဲရသေးတောင် သင့်တော်ရာအရပ်ဆီ ပြန်ရသေးတာပဲ... အမေချက်ကျွေးတာတွေ စားလို့ မ၀သေးခင်၊ သူငယ်ချင်းတွေနဲ့ ပြောဆိုမကုန်သေးခင်၊ အဖိုးအဖွားတွေ အလွမ်းမပြယ်သေးခင် တစ်နေရာဆီ ခွဲထွက်ရပြန်လေပြီ... ကိုယ်က ထားခဲ့သူမို့ ကျန်ခဲ့သူတွေ လွမ်းရစ်နေကြမလား...

တကယ်ဆို ကိုယ်အသည်းမမာသေးပါ... တွေ့ဆုံခြင်း ခွဲခွာခြင်းတွေအတွက် တွေးမိတိုင်း သတိရလို့ ရင်ထဲကနာကျင်ဆဲပါ...