ဘာလိုလိုနဲ့ အိမ်မပြန်ဖြစ်တာ
တစ်နှစ်ကျော်ခဲ့ပြီ... မပြန်တာ ကြာတော့လည်း စိတ်က အိမ်ကို
လွမ်းမိလာပြန်တယ်.. ဖုန်းဆက်တိုင်းအမေက မေးတယ် ဘယ်တော့ပြန်လာဦးမလဲတဲ့....
အရင်တစ်လက တစ်ပတ်လောက်ခွင့်ရတယ် ပြန်လာမယ် ဆိုတုန်းက အမေပြောတာ
မှတ်မိနေသေးတယ် တစ်ပတ်ဆိုတာ သွားတာပြန်တာနဲ့ ကုန်သွားတာ ပင်ပန်းပါတယ်...
အလွမ်းမပြေခင် ပြန်သွားရမှာ နှစ်ပတ်လောက်ရရင် ပြန်လာခဲ့ဆိုတော့
မပြန်တော့ပဲ ခရီးတစ်ခု ထွက်မယ် ဆုံးဖြတ်လိုက်တယ်...
လွန်ခဲ့တဲ့ လေးနှစ်ခန့်တုန်းက...
အလုပ်ရဖို့ မသေချာ ၊ရခဲ့ရင်တာင် ဘယ်လိုအလုပ်မျိုး လစာ ဘယ်လောက်ရမယ်မှန်းမသိနိုင်တဲ့ စင်ကာပူနိုင်ငံသေးသေးလေးကို အလုပ်လုပ်ဖို့ လာချင်ခဲ့တာ... အိမ်ကပိုက်ဆံထုတ်ပေးဖို့ မရှိ၊ ရှိတာလေးများ ရောင်းချပေးလိုက်ရင်ဖြင့် အလုပ်မရခဲ့ရင်ဆိုပြန် ယုံကြည်မှုတစ်စိတ်နှင့်... နောက်ဆုံး ရှိသမျှ ပစ္စည်းလေးတွေ ပေါင်နှံကာ လူတကာ အထင်ကြီးလောက်သော စင်ကာပူနိုင်ငံလေးသို့ အရဲစွန့် လာခဲ့တာ...

နှစ်ပတ်အကြာမှာတော့...
လိုချင်တာရရင် ကံကောင်းတယ် လို့ ပြောကြသလား...အမေရေ အလုပ်ရပီ ဆိုတော့ အလုပ်ရရချင်း လစာရမယ်ထင်နေတဲ့ အမေက လကုန်တော့ ငွေမပို့လိုမေးပြန်...လစာဘယ်လော က်ရလဲမေးကာ
ဒေါ်လာကို မြန်မာငွေနဲ့ ဆပွားလို့ တွက်ကာ အသုံးစရိတ်တွေ
ဇယားဆွဲပေးလိုက်သေး... စင်ကာပူက ပျော်ဖို့ကောင်းတာ
အမေရယ် လျှပ်စစ်မီးလည်းမှန်တယ် သန့်ရှင်းတယ် စည်းကမ်းရှိတယ် ရွာမှာလို
ခြင်မကိုက်ဘူး ဖယောင်းတိုင်မလိုဘူး ထမင်းချက်ရင် မဲအိုးမပေဘူးလေ...
လိုချင်တာရရင် ကံကောင်းတယ် လို့ ပြောကြသလား...အမေရေ အလုပ်ရပီ ဆိုတော့ အလုပ်ရရချင်း လစာရမယ်ထင်နေတဲ့ အမေက လကုန်တော့ ငွေမပို့လိုမေးပြန်...လစာဘယ်လော
ထိုအချိန်ထိ...
စင်ကာပူဟာ ငြီးငွေ့စရာ မကောင်းသေး...အချိန်က ကုန်မြန်လွန်းတယ် သုံးနှစ်လောက်ကြာတော့ ဒီပလိုမာ လေးတစ်ခုတော့ ရလိုက်ပါရဲ့.... ဘာဖြစ်လဲ ရွာက လူတွေ အထင်ကြီးကြတာပေါ့ အမေရယ်...

တဖြည်းဖြည်းနဲ့ အနေကြာလာတော့...
စင်ကာပူကြီးက အဲကွန်းခန်းတွင်းသာ အေးတာ အပြင်မှာ ပူလိုက်တာ မိုးရွာလိုက် နေပူလိုက်နဲ့ လူတွေကလည်း အလုပ်သွားရင် မနက်စာအေးဆေး စားချိန်မရ အပြေးအလွှားနဲ့ စက်ရုပ်လူသားတွေလိုပါပဲ သမီးအိမ်ပြန်လာတော့မယ်နော်... အမေကတော့ ပြန်လာရင် ဘာလုပ်စားမှာလဲတဲ့ အဲကွန်းခန်းထဲ အေးဆေးနေပီး လစာထိုင်ယူနေတာ မကောင်းဘူးလားတဲ့... ကောင်းလွန်းလို့ မနေနိုင်တော့တာပါ... အဲကွန်းခန်းထဲက သူဌေးတွေက ငွေပဲ မြင်နေတယ်... တစ်နေ့ တစ်နေ့ သူတို့ ခေါက်တဲ့ Calculator နဲ့ ငွေရေစက်သံကို မကြားချင်တော့လို့ပါ... အင်း အဲတော့ ပြန်လာပြီး အိမ်က လက်မှုအမွေ ဖြစ်တဲ့ စပါး၊ ပဲစိုက်စားနိုင်သလားတဲ့..... ဒီလိုတော့လည်း မဖြစ်သေးပြန် ဒါမျိုးတွေ ပင်ပန်းခံလုပ်နိုင်မည်မထင်... ပြန်လာဖြစ်ရင်ဖြင့် ၀န်ထမ်းဘ၀ ပြန်မလုပ်ဟုကြုံးဝါးဖူးသေး...ဒီလိုနဲ့ပဲ လေးနှစ်ကျော် ငါးနှစ်ထဲ ရောက်လာခဲ့ရတယ်....

လိုအပ်ချက် လိုအင်တွေကို ဖြည့်ဆည်းနေရဆဲ.....
လိုအင်ဆန္ဒတွေဟာလည်း တစ်ခုပြည့်ရင် တစ်ခုက ထပ်ပေါ်လာစမြဲပါလား....
ယခုများလေ...
အိမ်ပြန်ဖို့ တွေးလေ ခြေလှမ်းတွေ ဝေးနေဆဲ....