နှစ်သစ်ကူးပြောင်းချိန် ရောက်ရှိလို့လာပေပြီ... နှစ်သစ်ကိုကြိုဆိုသောအားဖြင့် ရေသဘင်ပွဲတော်များကို မြန်မာ အပါအ၀င် ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ ယူနန် တရုတ် စတဲ့ အရှေ့တောင်အာရှနိုင်ငံများမှာ နှစ်စဉ် ကျင်းပလေ့ရှိကြပါတယ်.. ရေလောင်းရေပက်ကြတဲ့ ဓလေ့ရိုးရာဟာ နှစ်ဟောင်းက အညစ်အကြေးများကို ဆေးကြောသန့်စင်လို့ နှစ်သစ်ကို ကြိုဆိုကြခြင်း ဖြစ်သလို ရေစင်ရေအေးဖြင့် လောင်းကာ တစ်ဦးကိုတစ်ဦး ချစ်ခင်ခြင်း၊ ကြင်နာခြင်း၊ လေးစားခြင်း သဘောဖြင့် ကျန်းမာချမ်းသာစေခြင်း၊ အန္တရာယ်ကင်းစေခြင်း၊ ကောင်းခြင်းမင်္ဂလာအဖြာဖြာ ပြည့်စုံစေခြင်းငှါ ဆန္ဒပြုကြတဲ့ သဘောလည်းဖြစ်ပါတယ်...
တစ်နိုင်ငံနှင့် တစ်နိုင်ငံ လူမျိုး၊ ဓလေ့စရိုက် တူညီနိုင်ဖို့ ခဲယဉ်းလှသော်လည်း ရေသဘင်ပွဲတော် ကိုတော့ အဆိုပါ နိုင်ငံများမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပကြတာ ထူးခြားမှု တစ်ခုပင်ဖြစ်တော့သည်... ရေသဘင်ပွဲတော်ကို ဧပရယ်လ် လလယ်မှာ ၁၃ ရက်နေ့မှ စ၍ သတ်မှတ်ထားတဲ့ ရက်အတွင်း ကျင်းပလေ့ရှိကြပါတယ်...
ပါဠိဘာသာ သင်္ကန္တ မှ ဆင်းသက်၍ ကူးပြောင်းခြင်းဟု အဓိပ္ပါယ်ရကာ မြန်မာနိုင်ငံမှာတော့ သင်္ကြန် (အတာသင်္ကြန်) ၊ ထိုင်းနိုင်ငံတွင် Songkran ၊ ကမ္ဘောဒီးယား မှာ Chol Chhnam Thmei ၊ လာအိုတွင် Boun Pi Mai စသဖြင့် အခေါ်အဝေါ် ကွဲလွဲသော်လည်း နှစ်ဟောင်းမှ နှစ်သစ်ကို ကြိုဆိုကြပုံမှာ အတူတူပင်ဖြစ်သည်... နှစ်ကူးကာလအတွင်း၌ ဘုရားသွားကျောင်းတက်ခြင်း၊ သီတင်းသီလဆောက်တည်ခြင်း၊ ဘုရားရေသပ္ပာယ်ခြင်း၊ အမွှေးနံသာများ ပူဇော်ခြင်း၊ ပန်းများဆက်ကပ်ခြင်း၊ သက်ကြီးရွယ်အိုများအားအရိုအသေပေးခြင်း၊ သက်လွှတ်ပွဲများကျင်းပပုံမှာလည်း တူညီကြပြန်လေသည်...
သင်္ကြန်ရေဖြင့် စိတ်ရော ကိုယ်ပါ အေးချမ်းမှု ရကြပါစေ...
It is time to New Year Parade. There is the celebration of Water Splashing Festival in South East Asia Countries, Thai, Laos, Cambodia, Sri Lanka, Yunnan China including Myanmar. It means that people clean and purify the dirty from old year with water and welcome to New Year as ritual. They pour water each other as an expression of prosperity, happiness, and desire the good luck in coming year. They do the good things to be blessed during the festival.
The festival is hold from 13th to 15th April according to their Annual Calender. This is the famous and special festival organizing among the different countries, nationalities and traditions.
Thingyan comes from ThinKanTa, means Transferring or Changing. There are different names for Water Splashing Festival. For instance, Thingyan in Myanmar, Songkran in Thailand, Chol Chhnam Thmei in Cambodia, Boun Pi Mai in Laos. Neverless they have different names, most of activities are almost same. They go to temple and worship, hear the monk's lecture, fast. People take fragrant water to make Buddha Statues clean called Bathing the Buddha and offer flowers. After that, they release the being animals like crabs, fishes, etc.