Island of God in Paradise လို့ နာမည်ကြီးတဲ့ ကျွန်းစုလေးဟာ Indonesia က Bali Dwipa or Bali Island ကိုရည်ညွှန်းတာပါ......Java ကျွန်းရဲ့ အရှေ့ဘက်ဆီနားက ဘာလီကျွန်းဟာ အခြားနေရာတွေထက်စာရင် Tourist တွေကို အဆွဲဆောင်နိုင်ဆုံး နေရာတစ်ခုဆိုမှားမယ်မထင်ပါ.... အင်ဒိုနီးရှားမှာ ကျွန်းတွေ အများကြီး ရှိတဲ့ အထဲက ဘာလီကျွန်းဟာ Hindi အများအပြားနေထိုင်တဲ့ အတွက် ယဉ်ကျေးမှု အဆောက်အဦးတွေဟာ Hindi Cultural တွေ လွှမ်းမိုးလို့ နေပါတယ် ..... အရမ်းကို လှပတဲ့ ကမ်းခြေတွေကို ပိုအသက်ဝင်စေတာက မြင့်မားတဲ့ ကျေက်ဆောင်ကြီးတွေပေါ့.... ကမ်းခြေမှာလည်မလား ကျေက်ဆောင်တွေကြားက ရေလှိုင်းလေးတွေစီးဦးမလား..... သွားလာရတာ လွယ်ကူတဲ့အပြင် မိသားစု၊ သူငယ်ချင်း၊ ချစ်သူ တွေအတွက် ပျော်စရာတွေ ဖန်တီးပေးနိုင်မဲ့ နေရာလေးတစ်ခုဖြစ်မှာ သေချာပါတယ် ... သွားရေးလာရေးလွယ်ကူတဲ့ အပြင် လည်ဖို့ပတ်ဖို့အတွက်ပါ အခက်အခဲမရှိ တဲ့ နေရာလေးတစ်ခုပါ.....
ကျွန်မတို့ သူငယ်ချင်းတွေ သွားခဲ့စဉ်က ဇန်န၀ါရီဆိုတာ အရမ်းမပူဘဲ အေးစစနဲ့ သွားလို့ လာလို့ အကောင်းဆုံ; ရာသီဥတုလေးပါ....
တည်းခိုတဲ့ Pelangibali Hotel
ဟိုတယ်နောက်ဘက်မှာ ကမ်းခြေနဲ့ ကပ်လျှက်လေးတင်ဆိုတော့ မနက်စော ကမ်းခြေတလျှောက်လမ်းလျှောက်လို့ရတယ် ရေကစားလို့ရတယ်
Kintamani Volcano မီးတောင်မြင်ကွင်း တောင်တွေကိုလှမ်းမျှော်ကြည့်ရင်း လေတဖြူးဖြူးနဲ့ နေ့လည်စာ ဘူးဖေးပါ စားလို့ရတဲ့တောင်ပေါ် အပမ်းဖြေစခန်း
Tanah Lot Temple ကိုလည်ရင်း ကျောက်ဆောင်တွေရဲ့ အပေါ်စီးကနေ လှမ်းမြင်ရပြီး လှိုင်းလုံးတွေကြားမှာ Surfing စီးကြသူတွေနဲ့ ပျော်စရာသိပ်ကောင်းတဲ့ နေရာလေးတစ်ခု
Uluwatu Temple & Sangeh Monkey Forest ဘုရားကျောင်းထဲမှာ မျောက်ကလေးတွေရှိတယ် ကျောင်းဝန်းအတွင်း အတိုအပြတ် ၀တ်ပြီး ၀င်ရောက်ခြင်းခွင့်မပြုပါဘူး ကျောင်းဝင်းအတွင်းကနေ မျှော်ကြည့်ရတဲ့ မြင်ကွင်းက ပုံထဲအတိုင်း အထက်စီးကနေ ပင်လယ်ပြင်ကြီးကို မျှော်ကြည့်ရတဲ့ အရသာက ဘာနဲ့မှ မတူဘူး
Manukaya Village လို့ တွင်တဲ့ Bali ရဲ့ အလယ်မှာ တည်ရှိတဲ့Tirta Empul Temple ပါ
Tirta Empul ခေါ် Holy Water Spring မှာ ရေစိမ်ချိုးလို့ရပြီး ရေနဲ့ သန့်စင်ခြင်းခံရသူများဟာ အန္တရာယ်ကင်းခြင်း၊ ချမ်းသာခြင်း၊ ကျန်းမာရေးကောင်းမွန်ကြမယ်လို့အယူရှိကြတယ်
kad Pakerisan River
Read more at: http://www.bali-indonesia.com/attractions/tirta-empul-temple.htm?cid=ch:OTH:001ေ
Read more at: http://www.bali-indonesia.com/attractions/tirta-empul-temple.htm?cid=ch:OTH:001ေ
holy water spring
Read more at: http://www.bali-indonesia.com/attractions/tirta-empul-temple.htm?cid=ch:OTH:001
Read more at: http://www.bali-indonesia.com/attractions/tirta-empul-temple.htm?cid=ch:OTH:001
Jatiluwih Rice Terrace လှေကားထစ်စိုက်ခင်းတွေကိုလည်း ရှုစားလို့ ရပါသေးတယ်
ရှည်လျားလွန်းတဲ့ Katu Beach ကမ်းခြေမှာ Water Sport Activities တွေဆော့လို့ရတဲ့ အပြင် လမ်းလျှောက် အပန်းဖြေမလား ၊ အစားအသောက်တွေကြားမှာထိုင်ပြီး လေညှင်းခံလို့ကောင်း
ခရီးသွားတယ်ဆိုတာ ဘ၀ရဲ့မောပန်းမှုတွေ ခဏတာဖြေဖျောက်လို့ အမှတ်တရတွေ စုဆောင်းနိုင်တဲ့ အလေ့အကျင့်တစ်ခုလို့ ယူဆနေသမျှ ကျွန်မ ခရီးတွေ သွားနေဖြစ်ဦးမှာပါ.....